Friday, September 6, 2013

World Of Wisdom: သေခါနီးက သေခါဝေးကို စိုးရိမ်

World Of Wisdom: သေခါနီးက သေခါဝေးကို စိုးရိမ်:

ဆရာတော်ကြီးမှာ မိမိထံမှောက်သို့ ရောက်လာသူ ဒကာ ဒကာမကြီးများကို အားမရနိုင်သလို ဖြစ်ဟန်တူ၏၊
ကိုယ့်အတွက် ကိုယ်မကြည့်နိုင်ဘူး၊ သားအတွက် သမီးအတွက် မြေးအတွက် လျှောက်ငဲ့နေသည်ကို
တစ်ခါတွင် ဤသို့ ဆိုတော်မူ၏ -

မောင်နိုင်ရေ . . . 
သားကလေးအတွက် မလိမ္မာလို့ စိုးရိမ်ရ၊
သမီးကလေးအတွက် မလိမ္မာလို့ စိုးရိမ်ရတယ်ဆိုရင် 
ငါ မှားပြီဟေ့၊ ကိုယ့်ကိုယ်ကို ဆုံးမ (မှန်ပါဘုရား)


လူကြီးဆိုတော့ ကိုဝ . . .
သူပြောချင်တာ ပြောနေတတ်တာ (မှန်ပါ)
ဘယ်သူက မလိမ္မာသေးဘူး၊ ဘယ်သူက ငယ်သေးတယ် ဆိုရင်
အဲဒါ အလွဲ စိုးရိမ်နေတာ (မှန်ပါ ဘုရား)

ကိုယ့်ကိုယ်ကို စိုးရိမ်ပါ (မှန်ပါ)
ကိုယ်က ကြီးပြီ၊ သူတို့က ငယ်သေးတယ်၊ (မှန်ပါ)

စိုးရိမ်တဲ့ပုဂ္ဂိုလ်က သေခါနီး၊
အစိုးရိမ်ခံရတဲ့ ပုဂ္ဂိုလ်တွေက သေခါဝေး (မှန်ပါ)
မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)

ဒါဖြင့် သေခါနီးက သေခါဝေးကို စိုးရိမ်နေတာ (မှန်ပါ ဘုရား)

ခင်ဗျားတို့ . . . 
ဒီလိုပြောတော့ မခံချင်ဘူး၊ သေသေချာချာ စဉ်းစားကြည့်တော့ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)

ဒါဟာ . . . 
သားသမီးနဲ့ မိဘနဲ့ ရန်တိုက်ပေးနေတာ မဟုတ်ဘူး ကိုဝရဲ့ (မှန်ပါဘုရား)
ရန်တိုက်ပေးတာလား၊ အမှန်ပြောနေတာလား (အမှန်ပြောနေတာပါဘုရား)

ဘာ့ကြောင့် ပြောရပါလိမ့်မလဲဆိုတော့ 
ဦဘရှင်းရေ . . . 
သေခါနီးတွေက သေခါဝေးတွေအတွက် စိုးရိမ်နေကြလွန်းလို့ (မှန်ပါ ဘုရား)

မောင်နိုင်တို့ ကိုပေါ်တို့
ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)

ကိုယ်ကဖြင့် ရေထဲနစ်နေတာ 
မတ်တတ်ရပ်နေတာတောင် ပါးစပ်ရောက်နေပြီ (မှန်ပါ)
မြုပ်တော့မယ် (မှန်ပါ)

အဲဒါ ကုန်းပေါ်ကလူ လှမ်းပြီး စိုးရိမ်နေသလို (မှန်ပါဘုရား)
ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)

ကောက်နုတ်ချက် - 
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏ 
တစ်ဘဝ သာသနာ (နှာ-၃၀၂)


Credits To :  ထေရဝါဒ ရနံ့

World Of Wisdom: သေခါနီးက သေခါဝေးကို စိုးရိမ်

World Of Wisdom: သေခါနီးက သေခါဝေးကို စိုးရိမ်: https://www.facebook.com/World0fWisdom   ဆရာတော်ကြီးမှာ မိမိထံမှောက်သို့ ရောက်လာသူ ဒကာ ဒကာမကြီးများကို အားမရနိုင်သလို ဖြစ်ဟန်တူ၏၊ က...